Кабинет
စာတန်းထိုးဇာတ်ကားများ

စာတန်းထိုးဇာတ်ကားများ

@vip_admin_3

Юзернейм
@mmovie2025
Категория
Видео и фильмы
Страна
МьянмаМьянма
Подписчики178 085
Просмотров на пост, 7 дн.—за 7 дней
ERR—

Новые посты

#2237Фото

Переслано из ɴɪᴄᴋᴇʟᴏᴅᴇᴏɴ ᴍᴏᴠɪᴇ ᴢᴏɴᴇ

သင်္ဘောပေါ်မှာ ပိတ်ဖြူပတ်လူသားစားသရဲမကြီးနဲ့ ပိတ်မိနေသောအခါ 😳😳 ➪➪➪➪➪➪➪➪➪➪➪➪➪➪ ဖိလစ်ပိုင် ရုပ်ရှင်လောက၊ အထူးသဖြင့် ဖိလစ်ပိုင်ဟော်ရာရုပ်ရှင်တွေမှာ အတွေ့ရခဲတဲ့ Anthology ဇာတ်ကားတစ်ကားဖြစ်ပြီး နာမည်ကျော်လူငယ် ဒါရိုက်တာသုံးယောက်က မတူညီတဲ့ ဇာတ်လမ်းငယ်သုံးပုဒ်ကို ကိုယ့်ပုံစံနဲ့ကိုယ် လက်စွမ်းပြထားတာကိုတွေ့ရပါလိမ့်မယ်။ Pocong ဆိုတဲ့အပိုင်းကို Yam Laranas ကရိုက်ကူးထားပြီး ဖိလစ်ပိုင်ရုပ်ရှင်လောကမှာတင်မကပဲ ဟောလိဝုဒ်အထိပေါက်ရောက်တဲ့သူတစ်ယောက်ပါ။ ဒီအပိုင်းမှာတော့ သင်္ဘောသားတွေရဲ့ဘ၀အမောနောက်ခံကို အင်ဒိုနီးရှားနဲ့ မလေးရှားဇာတ်ကားတွေမှာတွေ့ မြင်နေကြဖြစ်တဲ့ Pocong ဆိုတဲ့ ပိတ်ဖြူပတ်သရဲက ဖိစီးနှိပ်စက်ပုံကိုရှုစားကြရမှာပါ။ ဒုတိယ အပိုင်းဖြစ်တဲ့ Berbalang ကိုတော့ Arthouse Horror တွေ နဲ့ World-building အပိုင်းမှာ ဆရာတစ်ဆူဖြစ်တဲ့Dodo Dayao ကရိုက်ကူးထားပြီး ဒီဇာတ်ကားမှာအကောင်းဆုံးအပိုင်းဖြစ်သလို လူကြိုက်အများဆုံးအပိုင်းလည်းဖြစ်ပါတယ်။ ဘာဘာလန်း ဆိုတာ ဖိလစ်ပိုင်ဒေသခံရိုးရာ ရာဇဝင်တွေထဲက လူသားစား မိစ္ဆာတစ်ကောင်ဖြစ်ပြီး သူ့အကြောင်းကို အခြေခံထားတာပါ။ 😍ကြည့်ရန်နှိပ်ပါ👇 t.me/zzzmovie2/2844 🎬 Main channel 🔗 t.me/addlist/43SAvNGGjGExNWVl

Открыть в Telegram
Просмотры7 290
Пересылки—
Реакции13
Комментарии—
#2236Фото

Переслано из ɴɪᴄᴋᴇʟᴏᴅᴇᴏɴ ᴍᴏᴠɪᴇ ᴢᴏɴᴇ

ဆာလောင်နေတဲ့ရေမြင်းကြီးကိုရင်ဆိုင်ရမယ့် survival ဇာတ်ကား 😳😳 ➪➪➪➪➪➪➪➪➪➪➪➪➪➪ လူဝီစီယားနားပြည်နယ်က ရွှံ့နွံတောထဲမှာ မိကျောင်းကြည့်ဖို့ လှေစီးထွက်လာတဲ့ ကမ္ဘာလှည့်ခရီးသည်တစ်စုဟာ လမ်းပျောက်ပြီး သွေးဆာနေတဲ့ ရေမြင်းဆိုးကြီးတစ်ကောင်ရဲ့ ပစ်မှတ် ဖြစ်သွားပါတော့တယ်။ဒီဇာတ်ကားဟာ မျက်စိနောက်စရာ CGI တွေ သိပ်မသုံးဘဲ တကယ့် ရုပ်လုံးရုပ်ထွက် (Practical Effects) တွေနဲ့ ရိုက်ကူးထားလို့ ပိုပြီး သဘာဝကျကျ သွေးပျက်ဖို့ကောင်းပါတယ်။ Survival Horror ပရိသတ်တွေအတွက် ဧရာမရေမြင်းဆိုးကြီးရဲ့ ရန်ကနေ သူတို့ ဘယ်လိုအသက်လုပြေးကြမလဲဆိုတာ ဇာတ်လမ်းထဲမှာ ဆက်ကြည့်လိုက်ရအောင်။ 😍ကြည့်ရန်နှိပ်ပါ👇 t.me/threaterzone/1332 🎬 Main channel 🔗 t.me/addlist/43SAvNGGjGExNWVl

Открыть в Telegram
Просмотры6 830
Пересылки—
Реакции3
Комментарии—
#2234Фото

Manok [2026] ဇာတ်လမ်းအကျဉ်း 📑 ဆိုးလ်မှာ lesbian bar ကို ဖွင့်ထားရင်းက စီးပွားပျက်ပြီး မွေးရပ်မြေ "အီဘန်ရီ"ရွာလေးဆီ ပြန်ဆင်းလာတဲ့ ဂျန်မန်အို့ (Yang Mal-Bok).... ဘဝကို ပြန်လည်ထူထောင်ဖို့ ရုန်းကန်ကြိုးစားနေပေမဲ့လည်း ခင်ပွန်းဟောင်းဖြစ်သူက ရွာသူကြီးဆိုတဲ့ အာဏာကို အသုံးချပြီး အနှောင့်အယှက်တွေ တောက်လျှောက် လိုက်ပေးနေတဲ့အခါ သည်းမခံနိုင်တော့တဲ့အဆုံး သူကိုယ်တိုင်ပဲ ရွာသူကြီးရွေးကောက်ပွဲမှာ ဝင်ရောက် ရွေးချယ်ခံဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ရဲရင့်တက်ကြွပြီး ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့ မန်အို့ဟာ ရွာသူရွာသားတွေရဲ့ စိတ်ကို အချိန်ခဏလေးအတွင်း ဖမ်းစားနိုင်ခဲ့ပေမဲ့ ခင်ပွန်းဟောင်းဖြစ်သူကတော့ "အဲဒီမိန်းမက ဟိုဟာလေ"လို့ ဆိုပြီး ရွာသူရွာသားတွေရှေ့မှာ အပုပ်ချလာတဲ့အခါ... မန်အို့ရဲ့ အိပ်မက်လေးက "အီဘန်ရီရွာလေးမှာ အထီးကျန်ရတဲ့သူ မရှိစေဖို့ပါ"တဲ့... လူအများရဲ့ တစ်ဖက်စောင်းနင်း အမြင်တွေကြားကနေ ရွာသူကြီးဖြစ်လာပြီး ဒီအိပ်မက်လေးကို အကောင်အထည် ဖော်နိုင်သွားမလားဆိုတာကို ဇာတ်လမ်းလေးထဲမှာ ဆက်လက် ကြည့်ရှုပေးကြပါဦးရှင်။

Открыть в Telegram
Просмотры7 310
Пересылки—
Реакции8
Комментарии—
#2232Фото

Once Upon A Crime [2023] Review 📑 ငယ်ငယ်တုန်းက သဘောကျခဲ့ကြတဲ့ Cinderella နဲ့ ရွှေမင်းသားလေးကို ဂျပန်ဗားရှင်းနဲ့ ကြည့်လို့ရပါပြီ။ ဒီဇာတ်လမ်းမှာ တမူထူးခြားနေတာကတော့ “ဟိုးရှေးရှေးတုန်းက မင်းသမီးလေးတစ်ပါး” လို့ မဟုတ်ဘဲ “ဟိုးရှေးရှေးတုန်းက လူသတ်မှုတစ်ခု” နဲ့ အစချီထားတာပါပဲ။Fantasy/ Crime/ Mystery စတဲ့ Genre (၃) မျိုးကို တစ်ကားတည်းမှာ ကြည့်ရမှာမို့ ကြည့်မိလို့ နောင်တရမယ့်ကားမျိုးတော့ မဟုတ်ဘူးလို့ ထင်ပါတယ်။ကိုယ်သိထားတဲ့ Cinderella ဇာတ်လမ်းကနေ ကွဲထွက်ပြီး ထူးခြားတဲ့ Plot တစ်ခုမို့ မြှုပ်ကွက်လေးတွေနဲ့အတူ ကြည့်လို့ကောင်းစေမှာပါပဲနော်။ ကဲ…စကားများရင် အမှားပါတတ်တာမို့ ကိုယ်တိုင်ကြည့်ပြီး ဝေဖန်သုံးသပ်လိုက်ကြပါဦး

Открыть в Telegram
Просмотры7 670
Пересылки—
Реакции7
Комментарии—
#2231Фото
Просмотры3 340
Пересылки—
Реакции3
Комментарии—
#2230Видео
Просмотры5 830
Пересылки—
Реакции6
Комментарии—
#2228Фото
Просмотры1 110
Пересылки—
Реакции1
Комментарии—

Все посты

Связи