Посты канала မင်းပြောတဲ့ကဗျာဆိုတာဒါလား။
ဟေး… ငါ့ကို သနားလို့ ဆိုပြီးတော့များ မင်းဖန်တီးထားတဲ့ ဇာတ်ကွက်ဇာတ်လမ်းတွေ ရပ်တန်းက ရပ်မပစ်လိုက်ပါနဲ့ ငါ ဆက်ပြီး ရူးစမ်းပါရစေ။ -ပိုင်စိုးဝေ
Открыть в Telegramမင်းမရှိတဲ့နောက် အမှတ်(၂) ဒီခရီးကိုတစ်ယောက်ထဲလျှောက်ခဲ့ရပေါ့။ ခွေးလေးကိုတစ်ယောက်ထဲ မွေးမြူရပေါ့။ ဒေစီပန်းလေးကိုတစ်ယောက်ထဲ ပြုစုယုယရပေါ့။ နရံဆေးပန်းချီတွေတစ်ယောက်ထဲရေးဆွဲရပေါ့။ နှစ်ယောက်အတူလျှောက်ကြမဲ့လမ်းမှာ တစ်ယောက်ထဲ ငါတစ်ယောက်ထဲ။ -ကီရို
Открыть в Telegramမဖြစ်တဲ့အရာကိုမှ တမိတော့ ကိုယ့်အနက်အဓိပ္ပာယ်ကို ပြန်တည်ဆောက်တဲ့အခါ မလိုအပ်တဲ့ အလေးချိန်တွေကများလာတယ် အရာရာကို ရှင်းလင်းချက်တွေနဲ့ ထုပ်ပိုးမထားပဲ ရှိနေရုံသက်သက် လက်ခံနိုင်တဲ့နေရာတစ်ခု ငါ့စိတ်မှာ တိတ်တိတ်လေး ရှိခဲ့ဖူးတယ်… တကယ်တော့ သိခြင်းနဲ့မသိခြင်းကြားက ပိုးမျှင်လေးပေါ်မှာ ငါတို့ဟာ အဖြေတွေကို ဆုပ်ကိုင်ရင်း မေးခွန်းတွေကို မေ့ထားခဲ့မိတာ ။ အလှတရားကို မခွဲခြမ်းမစိတ်ဖြာပဲ အသက်ရှူသံကို ခံစားကြည့်မှ “တစ်ယောက်ယောက်ကို ချစ်တယ်ဆိုတာ တစ်နေရာရာကို ငေးကြည့်နေရတာနဲ့ အတူတူပါပဲ ။ “ ▪️ခန့်သွယ် အဝါရောင်ပန်းလေးပေးတဲ့ဘဝ မှ
Открыть в Telegramသူ မရှိတော့ ဘာမှ အဆင်မပြေဘူး ကိုမိုး ရ အဲ ... 'ကျွန်တော်' ဆိုတဲ့ ကောင် ကလည်း ဘာမှ အဆင်မပြေတော့တဲ့ အချိန် သူ မရှိတော့တာပဲ တော်ပါသေးတယ်လို့ လှည့်ပတ်တွေးပေးချင်တာမျိူး ။ -မြတ်ခိုင်
Открыть в Telegramပန်းတွေခူးပေးချင်တယ်ဆိုတိုင်း ဆူးကိုမကြောက်လို့မဟုတ်ဘူး ကေသွယ်။ အသက်ထပ်ချစ်တယ်ဆိုတာ အသက်နဲ့အချစ်ကို လောင်းကြေးထပ်တာပဲ။ -ရွက်လှေ
Открыть в Telegram၆နာရီရထား ဘဝကို ငြီးငွေ့လာရင် တချို့က တရားရှာကြတယ် တချို့က သတ်သေကြတယ် တချို့က သတ်လည်းမသေရဲ တောလည်းမထွက်ရဲတော့ ကဗျာရေးကြတယ် အရက်သောက်ကြတယ် ငါ့ရှေ့ ဖြတ်သွားတဲ့ ရထားကြီးက ဥဩသံကိုဘာလို့အရှည်ကြီးဆွဲသွားရတာလဲ။ ။ -ကြည်ဇော်အေး
Открыть в Telegram" ညီမ မင်္ဂလာဆောင်တော့မယ် မင်္ဂလာအထိမ်းမှတ် ကဗျာရှည်ကြီးရေးပေးမလား တစ်ပုဒ် ဘယ်လောက်ယူမလဲ အစ်ကို " တဲ့ သြော်...... မင်းမို့လို့ကွယ် ကဗျာရေးတဲ့ကောင်ဆိုပြီး နောက်ဆုံးအချိန်ထိ နှိမ်ရက်တယ် မင်းကို ချစ်သလောက် ကြောက်ခဲ့ပါတယ်။ -ဆန်းကျော်စွာဝင်း
Открыть в Telegramရင်ခုန်စွာ အိပ်စက်ခဲ့ရပြီး ကြည်နူးစွာ နိုးထခဲ့ရသော နှစ်ကာလများကို သတိရလျက်၊ ပြန်လိုချင်လျက်။ -ကျူးလစ်
Открыть в Telegramအော်… အရှေ့ကောင်းကင်မှာမိုးတွေညို့ပြီလား တဆောင်းသစ်ပါတော့မယ် ခင်ဖုန်းသက်ဝေ နတ်ပြည်ဘယ်နှစ်ထပ်မှာတွေ့တွေ့ ကျွန်တော်တို့မမေ့ကြကြေးလေနော် ။ -သန်းတင့်
Открыть в Telegramပျော်ရွှင်မှုဆိုတာ ငါတို့စိတ်ညစ်ခဲ့တာတွေ ငါတို့ကြေကွဲခဲ့တာတွေ ငါတို့နာကျည်း ခဲ့တာတွေ ငါတို့ဆုံးရှုံးခဲ့ရတာတွေ အတွက် တစ်ချိန်ချိန်မှာ ပြန်ရမဲ့ နစ်နာကြေးပါပဲ ။ -လှသန်း
Открыть в Telegramအချစ်ဆိုတာ မင်းကိုသတ်ဖို့လုံလောက်တဲ့ စွမ်းအင်ကို တစ်ယောက်ယောက်လက်ထဲထည့်ပေးထားပြီး သူမင်းကို မသတ်ပစ်ပါဘူးလို့ ယုံကြည်နေရခြင်းပါပဲ ။ ။ -မင်းခိုက်စိုးစံ
Открыть в Telegramမင်းကတော့ မေ့ပြီပေါ့ ငါကသာ တစ်သက်လုံးသတိရနေမှာ တရားပါတယ် ။ ▪️ခန့်သွယ် ဆောင်းအိမ်မက်-၂၀
Открыть в Telegramဒါကြီးပြီးသွားရင် နေရောင်ခြည်အောက်မှာ လမ်းလျှောက်မယ် မြေကပ်ပန်းဝါဝါလေးတွေဆီ သွားမယ် ဒါကြီးပြီးသွားရင် အိမ်ကိုရောက်အောင် ပြန်မယ်ကွယ် ။ -နေမျိုး
Открыть в Telegram