Кабинет

Посты канала CB Bank Myanmar

сначала новые

#5697Текст
Просмотры327−15%к среднему
Пересылки—
Реакции2
Комментарии—
Динамика просмотровСкрыть динамику

Рост просмотров

Часов после публикации

Показать таблицей
Часов после публикацииПросмотры
0 ч0
14 ч254
25 ч327
  1. Через 24 часа327
  2. Всего сейчас327
#5696Фото
Просмотры331−14%к среднему
Пересылки—
Реакции—
Комментарии—
Динамика просмотровСкрыть динамику

Рост просмотров

Часов после публикации

Показать таблицей
Часов после публикацииПросмотры
0 ч0
14 ч259
25 ч331
  1. Через 24 часа331
  2. Всего сейчас331
#5695Текст

CB Pay နဲ့ ပိုပိုတိုး ပိုပိုတန်!!! CB Pay နဲ့ CANAL+ ကြည့်ရှုခွင့် သက်တမ်းတိုးဝယ်ယူတိုင်း "ပိုပိုတိုး ပိုပိုတန်" ပရိုမိုးရှင်းခံစားခွင့် ရယူနိုင်ပါပြီ။ 🟦 ထူးရှယ်+ ပက်ကေ့ချ်၏ အထူးပရိုမိုးရှင်းဈေးနှုန်းများ 🔹 CB Pay နဲ့ ဝယ်ယူပါက (၃) လစာ - (၅၄,၉၀၀ )ကျပ် ( ပုံမှန်ဈေး - ၅၉,၇၀၀) 🔹 CB Pay နဲ့ ဝယ်ယူပါက (၆) လစာ - (၉၉,၉၀၀ )ကျပ် (မူရင်း-၁၁၉,၄၀၀) 🔹 CB Pay နဲ့ ဝယ်ယူပါက (၁၂) လစာ - (၁၈၉,၉၀၀ )ကျပ် (မူရင်း-၂၃၈,၈၀၀) 🟦 မိုဘိုင်း+ ပက်ကေ့ချ်၏ အထူးပရိုမိုးရှင်းဈေးနှုန်းများ 🔹 (၃) လစာ - (၁၆,၉၀၀ )ကျပ် (မူရင်း ၂၀,၇၀၀) 🔹 (၆) လစာ - (၂၉,၉၀၀) ကျပ် (မူရင်း ၄၁,၄၀၀) 🔹 (၁၂) လစာ - (၄၉,၉၀၀) ကျပ် (မူရင်း ၈၂,၈၀၀) 🟦 စမတ်တီဗီ+ ပက်ကေ့ချ်၏ အထူးပရိုမိုးရှင်းဈေးနှုန်းများ 🔹 (၃) လစာ - (၅၄,၉၀၀ )ကျပ် (မူရင်း ၅၉,၇၀၀) 🔹 (၆) လစာ - (၉၉,၉၀၀ )ကျပ် (မူရင်း ၁၁၉,၄၀၀) 🔹 (၁၂) လစာ - (၁၈၉,၉၀၀ )ကျပ် (မူရင်း ၂၃၈,၈၀၀) ဒါကြောင့် CANAL+ မှာ မြန်မာရုံတင်ဇာတ်ကားကောင်းတွေနဲ့ ရုပ်သံလိုင်းစုံကို မလွတ်တမ်းကြည့်ရှုနိုင်ဖို့ အခုပဲ CB Pay နဲ့ သက်တမ်းတိုးဝယ်ယူလိုက်ပါ။ 📥 CB Pay App ကို ဒေါင်းလုတ်ရယူရန် - https://onelink.to/cbpay 📥 CANAL+ Application မှာ ဝယ်ယူရန် - https://bit.ly/ottweb2025 ☎️ သိလိုတာမှန်သမျှအတွက် CB Bank Contact Center (09 2 5555 7777)

Открыть в Telegram
Просмотры380−1%к среднему
Пересылки—
Реакции2
Комментарии—
#5693Текст

Sweet December မှာ ခရီးထွက်ဖို့ အစီအစဉ် ရှိနေတာလား။ ဒီဇင်ဘာရုံးပိတ်ရက်တွေမှာ ခရီးသွားဖို့ အခုကတည်းက ကားလက်မှတ်တွေ ကြိုတင်ဝယ်ယူတော့မယ်ဆိုရင် CB Pay App ထဲက MMBusTicket မှာ လျှော့ဈေးနဲ့ ဝယ်ယူနိုင်ပါပြီ။ ပရိုမိုးရှင်းကာလ (၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ၊ ၃၀ ရက်နေ့အထိ) CB Pay App ထဲက MMBusTicket မှာ ငွေကျပ် (၃၅,၀၀၀) နဲ့အထက် ဝယ်ယူပေးချေလိုက်တာနဲ့ လျှော့ဈေးငွေကျပ် (၄,၀၀၀) တိတိကို ချက်ချင်း ပြန်လည်ရရှိနိုင်မှာ ဖြစ်ပါတယ်။ 🎁 Promo Code - cbpay40ff လို့ ရိုက်ထည့်ဖို့တော့ မမေ့နဲ့နော်။ 📥 CB Pay App ကို ဒေါင်းလုတ်ရယူရန် - CB Pay (New Mobile Banking App) | CB Bank ☎️ CB Bank နဲ့ CB Pay ဝန်ဆောင်မှုများအကြောင်း အသေးစိတ် ပိုမိုသိရှိလိုပါက CB Bank Contact Center (09 2 5555 7777)

Открыть в Telegram
Просмотры444+16%к среднему
Пересылки—
Реакции1
Комментарии—
#5691Текст

မဲဇလီဖူးသုပ်စားပြီးကြပြီလား။ တန်ဆောင်မုန်းလရဲ့ ညကောင်းကင်ယံဟာ များသောအားဖြင့် မိုးသားမိုးတိမ် ကင်းစင်ကြည်လင်နေတတ်ပါတယ်။ ဒါကြောင့် တိုင်းရှစ်ခွင်မှာ အတားအဆီးမရှိ ထိန်ထိန်သာခွင့်ရတဲ့ တန်ဆောင်မုန်းလပြည့်လကို တစ်နှစ်ပတ်လုံးရဲ့ အတင့်ရွှန်း၊ အလှပဆုံးလလို့ တင်စားကြတာ ဖြစ်ပါတယ်။ လပြည့်လရဲ့ အလင်းရောင်နဲ့အတူ အာကာတစ်ခွင်မှာ နက္ခတ်တာရာတွေကို အစုံအလင်မြင်တွေ့ရလို့ တန်ဆောင်မုန်းလပြည့်ညကို ဆေးပေါင်းခတဲ့ညလို့လဲ သတ်မှတ်ကြပါတယ်။ ဒါ့အပြင် ရှေးလူကြီးတွေရဲ့ အဆိုအရ ဆေးမြစ်၊ ဆေးပင်၊ ဆေးဘက်ဝင်အပင်အပေါင်းတို့ကို စောင့်ရှောက်တဲ့ နတ်တွေက တန်ဆောင်မုန်းလပြည့်ညရောက်တဲ့အခါ မဲဇလီပင်စောင့် နတ်သားကို လာရောက်ခစားကြတယ်လို့ ယုံကြည်ကြပါတယ်။ ဒါကြောင့် တန်ဆောင်မုန်းလပြည့်ည၊ ဆေးပေါင်းခချိန်မှာ မဲဇလီဖူးသုပ် စားသုံးပေးခြင်းက ရောဂါဘယတွေ ကင်းစင်ပပျောက်စေတယ်လို့ ခေတ်အဆက်ဆက် လက်ဆင့်ကမ်းခဲ့ရာကနေ တန်ဆောင်မုန်းလ၊ ဆေးပေါင်းခတဲ့ညနဲ့ မဲဇလီဖူးသုပ်ဟာ ခွဲခြားမရတဲ့ ထုံးတမ်းစဉ်လာတစ်ခု ဖြစ်လာပါတယ်။ တန်ဆောင်မုန်းလပြည့်ညမှာ ချန်လှပ်ထားလို့မရတဲ့ နောက်ထပ်တစ်ခုက ပံ့သကူယဉ်ကျေးမှုပါ။ ပံ့သကူဆိုတာ တစ်ပါးသူမသိမမြင်စေဘဲ မျှဝေလှူဒါန်းချင်တဲ့ ပစ္စည်းကို လူသူကင်းရှင်းတဲ့ တစ်နေရာမှာ ချထားပေးခဲ့ရတာမျိုး ဖြစ်ပါတယ်။ ပံ့သကူအလှူပြုလုပ်တဲ့အခါ အသုံးမလိုတဲ့ ပစ္စည်းတွေကို အမှိုက်ပစ်သလို စွန့်ပစ်တာ မဟုတ်ဘဲ လက်ခံရရှိသူ အကျိုးရှိပါစေ၊ အသုံးဝင်ပါစေဆိုတဲ့ စေတနာအရင်းခံနဲ့ ပေးလှူရပါတယ်။ ယနေ့ခေတ်မှာတော့ ပိုက်ဆံ၊ အဝတ်အထည်နဲ့ အသုံးအဆောင်ပစ္စည်းတွေကို အများဆုံး ပေးလှူလေ့ရှိကြပါတယ်။ CB Bank ရဲ့ "ပြန်လည်မျှဝေ အမှတ်တရတွေ" Content Series နဲ့အတူ တန်ဆောင်တိုင်ကာလကို ဖြတ်ကျော်ပေးခဲ့ကြတဲ့ မိတ်ဟောင်းမိတ်သစ် Customer များအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ 🌟 ကုသိုလ်တရားများ ထုံမွမ်းလွှမ်းခြုံပြီး ဆေးပေါင်းခတဲ့ လပြည့်ညလေး ဖြစ်ပါစေ။ CB Bank ဘဏ်ဝန်ဆောင်မှုနဲ့ ပတ်သက်ပြီး သိလိုတာ မှန်သမျှအတွက် CB Bank Contact Center ( 09 2 5555 7777 ) ကို အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်။

Открыть в Telegram
Просмотры380−1%к среднему
Пересылки—
Реакции3
Комментарии—
#5689Текст

"နိုင်ငံရပ်ခြားရောက် ရွှေမြန်မာတွေ ဂါရဝအမှတ်တရများနဲ့ နွေးထွေးပါစေ" အခုလို တန်ဆောင်တိုင်ကာလမှာ လူကြီးမိဘတွေကို ပြည်ပကနေ ငွေလွှဲပေးပို့ပြီး တန်ဆောင်တိုင်ဂါရဝပြုမယ်ဆိုရင် နီးစပ်ရာ CB Bank ဘဏ်ခွဲများ ဒါမှမဟုတ် CB Bank အကောင့်ထဲကို "အခုလွှဲ အခုရောက်စနစ်" နဲ့ ပေးပို့နိုင်ပါတယ်။ 🔷 နိုင်ငံတကာကနေ ပြည်တွင်းကို တိုက်ရိုက်ငွေလွှဲပေးပို့ဖို့ဆိုရင် Western Union, Ria Money Transfer နဲ့ Thunes 🔷 ဂျပန်နိုင်ငံကနေ CB Bank အကောင့်ထဲကို "အခုလွှဲ အခုရောက်စနစ်" နဲ့ တိုက်ရိုက်ငွေလွှဲပေးပို့နိုင်တဲ့ SBI Remit 🔷 ကိုရီးယားနိုင်ငံကနေ "အခုလွှဲ အခုရောက်စနစ်" နဲ့ ငွေလွှဲနိုင်တဲ့ GME Remit 🔷 စင်္ကာပူနိုင်ငံကနေ "အခုလွှဲ အခုရောက်စနစ်" နဲ့ တိုက်ရိုက်ငွေလွှဲပေးပို့နိုင်တဲ့ Pay2Home 🔷 မလေးရှားနိုင်ငံကနေ "အခုလွှဲ အခုရောက်စနစ်" နဲ့ ငွေလွှဲပေးပို့နိုင်တဲ့ Merchantrade Remit 🔷 ထိုင်းနိုင်ငံကနေ CB Bank ကို ငွေလွှဲပေးပို့နိုင်တဲ့ KrungThai Bank အစရှိတဲ့ နိုင်ငံတကာငွေလွှဲတွေကနေ ပေးပို့လာတဲ့ လွှဲပို့ငွေတွေကို CB Bank အကောင့်ကနေ ဖြစ်စေ၊ နီးစပ်ရာ ဘဏ်ခွဲတွေကနေ ဖြစ်စေ လက်ခံနိုင်ပါတယ်။ ☎️ အသေးစိတ် သိလိုတာမှန်သမျှအတွက် CB Bank Contact Center ( 09 2 5555 7777 )

Открыть в Telegram
Просмотры362−6%к среднему
Пересылки—
Реакции1
Комментарии—
#5687Фото
Просмотры340−11%к среднему
Пересылки—
Реакции5
Комментарии—
#5686Текст

တန်ဆောင်မုန်းဆိုတဲ့ ဝေါဟာရရဲ့ အဓိပ္ပါယ်ကို သိပါသလား။ တန်ဆောင်မုန်းဆိုတာ "တန်ဆောင်မှုန်၊ တန်ဆောင်မှုန်း" ကနေဆင်းသက်လာတဲ့ စကားလုံးဖြစ်ပြီး "မီးရှူး၊ မီးတိုင်၊ ဆီမီးများ တောက်ပထွန်းလင်းနေတယ်" လို့ အဓိပ္ပါယ်ရပါတယ်။ သီတင်းကျွတ်လပြည့်ညမှာ တာဝတိံသာနတ်ပြည်ကနေ ပြန်လည်ကြွချီလာတဲ့ မြတ်စွာဘုရားကို ဆီမီးများနဲ့ ကြို‌ဆိုပူဇော်ကြသလို တန်ဆောင်မုန်းလပြည့်ညမှာလဲ ကောင်းကင်ပေါ်ကို မီးပုံးပျံများ လွှတ်တင်ပြီး တာဝတိံသာက စူဠာမဏိစေတီတော်ကို မှန်းမျှော်ပူဇော်ကြရာကနေ "ဆီမီးမြိုင်ဆိုင် တန်ဆောင်တိုင်" လို့ တင်စားခေါ်ဝေါ်ကြပါတယ်။ ဒါ့အပြင် ဝါလကင်းလွတ် သီတင်းကျွတ်ပြီးကတည်းက "ကထိန်သင်္ကန်း" လှူဒါန်းဖို့ ရည်ရွယ်နှိုးဆော်ထားတဲ့ လှူဖွယ်ပစ္စည်းတွေကို ပဒေသာပင်များ စိုက်ထူပြီး ဘုံကထိန်လှည့်ကြတာကလဲ တန်ဆောင်တိုင်ပွဲတော်ရဲ့ အနှစ်သာရဖြစ်ပါတယ်။ တစ်နှစ်မှာ တစ်လ၊ တစ်လမှာ တစ်ရက်၊ တစ်ရက်မှာ တစ်ကြိမ်၊ တစ်ကြိမ်မှာ တစ်ကျောင်းသာ လှူဒါန်းလေ့ရှိတဲ့ ကထိန်လျာလှူဒါန်းပွဲက မြန်မာလူမျိုးတွေရဲ့ အလှူရေစက် လက်နဲ့မကွာ လှူဒါန်းလိုတဲ့ သဒ္ဓါစိတ်ကို သိသာထင်ရှားစေတဲ့ ပြယုဂ်ပဲ ဖြစ်ပါတယ်။ တန်ဆောင်မုန်းလနဲ့ ခွဲခြားမရတဲ့ နောက်ထပ်အလှူတစ်ခုက သက်တော်ထင်ရှား မြတ်စွာဘုရားကို ရည်မှန်းပူဇော်ပြီး ရက်လုပ်လှူဒါန်းတဲ့ "မသိုးသင်္ကန်း" အလှူပါ။ တန်ဆောင်မုန်းလပြည့်ညမှာမှ နေ့မကူးစေဘဲ တစ်ရက်အတွင်း ရက်လုပ်လှူဒါန်းရတဲ့ မသိုးသင်္ကန်းရက်လှူပူဇော်ပွဲကလဲ တန်ဆောင်တိုင်ရဲ့ အမှတ်သညာတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် တန်ဆောင်မုန်းလဟာ "ဆီမီးမြိုင်ဆိုင် တန်ဆောင်တိုင်၊ ဒါနသီကုံး တန်ဆောင်မုန်း" ဆိုတဲ့အတိုင်း ဒါနကုသိုလ်၊ ဘာဝနာကုသိုလ်များနဲ့ ထုံမွမ်းပြီး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံရုံသာမက စိတ်အစဉ်ကိုပါ ကြည်နူးချမ်းမြေ့စေတဲ့ လတစ်လဆိုလဲ မမှားပါဘူး။ အခုလို ထူးမြတ်တဲ့ တန်ဆောင်မုန်းလ အခါသမယမှာ အမိမြန်မာနိုင်ငံရဲ့ အဝေးတစ်နေရာမှာ အလုပ်လုပ်ကိုင်နေကြတဲ့ ပြည်ပရောက် ရွှေမြန်မာတွေ၊ ဘုရားစေတီတော်တွေကို လူကိုယ်တိုင် သွားရောက်မဖူးမျှော်နိုင်တဲ့သူတွေအနေနဲ့ "လေးဆူဓာတ်ပုံ မြတ်ရွှေတိဂုံ" စေတီတော်မြတ်ကြီးကို CB Bank MMQR ကနေ သဒ္ဓါတတ်အား နည်းများမဆို ကုသိုလ်ပြု လှူဒါန်းနိုင်တဲ့အကြောင်း နိဗ္ဗာန်အကျိုးမျှော်ပြီး နှိုးဆော်လိုက်ပါရစေ။ 🌟 CB Bank MMQR မှတစ်ဆင့် လှူဒါန်းရန် - https://bit.ly/4AK5Nyl တန်ဆောင်တိုင် ရုံးပိတ်ရက်ကာလတွေမှာလဲ လေးစားချစ်ခင်ရတဲ့ မိတ်ဟောင်းမိတ်သစ် Customer များကို အချိန်နဲ့တစ်ပြေးညီ ဝန်ဆောင်မှုပေးနိုင်ဖို့ CB Bank Contact Center က အသင့်ရှိနေပါတယ်။ ☎️ CB Bank Contact Center (09 2 5555 7777)

Открыть в Telegram
Просмотры346−10%к среднему
Пересылки—
Реакции1
Комментарии—
#5684Текст

🎵 သီတင်းကျွတ် ပွဲတော်ကြီးပြီးတော့ တန်ဆောင်မုန်း၊ တန်ဆောင်တိုင် ဆီမီးကမြိုင်. . . 🎵 မြန်မာလူမျိုးတို့ရဲ့ ချစ်ခင်မြတ်နိုးဖွယ် တစ်ဆယ့်နှစ်လရာသီပွဲတော်တွေထဲက အစည်ကားဆုံးပွဲတော်တွေထဲမှာ တန်ဆောင်တိုင်ပွဲတော်လဲ အပါအဝင် ဖြစ်ပါတယ်။ "တန်ဆောင်မုန်းတွင်း ဆီးနှင်းတစ်ပြိုက် မိုးတစ်လိုက်" ဆိုတဲ့အတိုင်း မိုးအကုန် ဆောင်းအကူး၊ စပ်ကူးမပ်ကူးကာလဖြစ်တဲ့အတွက် တန်ဆောင်မုန်းလဟာ ရာသီဥတုအားဖြင့်လဲ အင်မတန်နှစ်လိုဖွယ်ကောင်းတဲ့ လတစ်လဖြစ်ပါတယ်။ ဒါကြောင့် အခုလို ဆွတ်ပျံ့ကြည်နူးစရာ အခိုက်အတန့်လေးတွေနဲ့ ထုံမွမ်းနေတဲ့ တန်ဆောင်တိုင်ညတစ်ညမှာ ငယ်ဘဝအမှတ်တရလေးတွေကို အတူတူ ပြန်လည်မျှဝေကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ " အရင်က တန်ဆောင်တိုင်ကာလရောက်ပြီဆိုရင် ဘာတွေလုပ်ဖြစ်ပါသလဲ။ ပိတ်ရက်ကို မိသားစုနဲ့ ဖြတ်သန်းဖြစ်လား၊ ဒါမှမဟုတ် မိတ်ဆွေအပေါင်းအသင်းတွေနဲ့ပဲ ဖြတ်သန်းဖြစ်ပါသလား။" တန်ဆောင်တိုင်နဲ့ ပတ်သက်တဲ့ မမေ့နိုင်စရာ မှတ်မှတ်ရရ ဖြစ်ရပ်အကြောင်း Comment မှာ ရေးသားမျှဝေရင်း အတိတ်က အမှတ်တရတွေဆီ ပြန်သွားလိုက်ရအောင်။ 🌟 ပျော်ရွှင်စရာ တန်ဆောင်တိုင်ကာလလေး ဖြစ်ပါစေ။ ဘဏ်ဝန်ဆောင်မှုနဲ့ ပတ်သက်ပြီး သိလိုတာ တစ်စုံတစ်ရာ ရှိလာခဲ့ရင် CB Bank Contact Center (09 2 5555 7777) ကို အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်။ တန်ဆောင်တိုင် ပိတ်ရက်တွေမှာလဲ လေးစားချစ်ခင်ရတဲ့ မိတ်ဟောင်းမိတ်သစ် Customer များကို အချိန်နဲ့တစ်ပြေးညီ ဝန်ဆောင်မှုပေးနိုင်ဖို့ CB Bank Contact Center က အသင့်ရှိနေပါတယ်။

Открыть в Telegram
Просмотры421+10%к среднему
Пересылки—
Реакции1
Комментарии—
#5681Текст

CB Bank ရဲ့ "ဝါကျွတ်ဂါရဝလက်ဆောင်" ရယူနိုင်ဖို့ ပါဝင်ကံစမ်းပြီးပြီလား။ ပြည်ပရောက် ရွှေမြန်မာများအနေနဲ့ ပြည်တွင်းက လူကြီးမိဘတွေကို ငွေလွှဲပေးပို့တိုင်း "ဝါကျွတ်ဂါရဝလက်ဆောင်" ပါ ကံစမ်းရယူနိုင်မဲ့ အခွင့်အရေးက နိုဝင်ဘာလကုန်အထိ ရှိနေပါသေးတယ်။ CB Bank ရဲ့ ကြိုက်နှစ်သက်ရာ နိုင်ငံတကာငွေလွှဲ ဝန်ဆောင်မှုကို အသုံးပြုပြီး ငွေလွှဲတစ်ကြိမ်ပေးပို့တိုင်း (Transaction တစ်ကြောင်းတိုင်း) ကံစမ်းခွင့်တစ်ကြိမ် ရရှိနိုင်ပါတယ်။ 🔵 ကံစမ်းမဲ အစီအစဉ်မှာ Western Union, Ria Money Transfer, Krung Thai Bank, GME Remit, SBI Remit, Merchantrade, Pay2Home, Thunes အစရှိတဲ့ နိုင်ငံတကာ ငွေလွှဲလုပ်ငန်းများကနေ လွှဲပြောင်းပေးပို့လာတဲ့ ငွေလွှဲများအားလုံး ပါဝင်ပါတယ်။ ☎️ ပိုမိုသိရှိလိုတာ မှန်သမျှအတွက် CB Bank Contact Center ( 09 2 5555 7777 )

Открыть в Telegram
Просмотры506+32%к среднему
Пересылки—
Реакции1
Комментарии—
#5679Текст

သောကြာနေ့ညရဲ့ ထုံးစံအတိုင်း CB Bank ရဲ့ "မေးလိုရာမေး Friday" အစီအစဉ် ပြန်လည် ရောက်ရှိလာပါပြီ။ ဒီတစ်ခေါက် မေးမြန်းထားတာကတော့ "မလေးရှားကနေ Merchantrade နဲ့ CB Bank Account ထဲကို တိုက်ရိုက်ငွေလွှဲလို့ ရလား" ဆိုတဲ့ မေးခွန်းပဲ ဖြစ်ပါတယ်။ မလေးရှားရောက် ရွှေမြန်မာများအနေနဲ့ Merchantrade ကနေ 🔹 CB Bank Account ထဲကို "အခုလွှဲ-အခုရောက်" စနစ်နဲ့ တိုက်ရိုက်ငွေလွှဲနိုင်ပါတယ်။ 🔹 နီးစပ်ရာ CB Bank ဘဏ်ခွဲတွေကို ငွေလွှဲပေးပို့မယ်ဆိုရင်လဲ လက်ခံမဲ့သူအနေနဲ့ မိနစ်ပိုင်းအတွင်း ထုတ်ယူနိုင်ပါတယ်။ 🔵 ဘဏ်ခွဲတွေမှာ ငွေလွှဲထုတ်မယ်ဆိုရင်တော့ ငွေလွှဲပေးပို့သူထံကနေ ရရှိထားတဲ့ လျှို့ဝှက်နံပါတ် (၁၄) လုံးနဲ့ ငွေလွှဲလက်ခံမဲ့သူရဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်းယူဆောင်သွားဖို့ လိုအပ်ပါတယ်။ အထူးအစီအစဉ်အနေနဲ့ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလကနေ ဒီဇင်ဘာလ၊ ၃၁ ရက်နေ့အထိ မလေးရှားကနေ မြန်မာနိုင်ငံကို Merchantrade နဲ့ ငွေလွှဲပေးပို့တိုင်း ငွေလွှဲခလျှော့ဈေး ခံစားခွင့် ရရှိအုံးမှာဖြစ်ပါတယ်။ ☎️ ဘဏ်လုပ်ငန်းများနဲ့ ပတ်သက်ပြီး သိလိုတာတွေအတွက် CB Bank Contact Center (09 2 5555 7777)

Открыть в Telegram
Просмотры527+37%к среднему
Пересылки—
Реакции2
Комментарии—
#5677Текст

ပိတ်ရက်အတွက် လိုအပ်တာတွေ ဝယ်တော့မလို့လား။ တန်ဆောင်တိုင်ပိတ်ရက် ရောက်တော့မှာဆိုတော့ မိသားစုနဲ့ ချစ်ရတဲ့သူတွေအတွက် လိုအပ်တာတွေဝယ်ယူရင်း အထူးလက်ဆောင်တွေရယူနိုင်မဲ့အစီအစဉ်ရှိနေပါပြီ။ Makro Member များအနေနဲ့ ကြိုက်နှစ်သက်ရာ CB ဘဏ်ကတ် ဒါမှမဟုတ် CB Pay App ကို အသုံးပြုပြီး အနည်းဆုံး ငွေကျပ် (၂၀၀,၀၀၀) နဲ့အထက် Makro Myanmar မှာစျေးဝယ်တဲ့အခါတိုင်း Lucky Draw Coupon ရယူနိုင်မဲ့ "ပါဝင်နွှဲပျော် CB x Makro တန်ဆောင်တိုင် Lucky Draw ပွဲတော်" အစီအစဉ် ရှိနေပါတယ်။ ပရိုမိုးရှင်းကာလ (၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ၊ ၂၀ ရက်နေ့ကနေ ဒီဇင်ဘာလ၊ ၃၁ ရက်နေ့) အထိဖြစ်ပြီး CB ဘဏ်ကတ်၊ CB Pay App နဲ့ပေးချေတိုင်း 🔹 ပထမဆု MacBook Air M5 (13”) 🔹ဒုတိယဆု iPad 11” 🔹 တတိယဆု Apple Watch SE 3 🔹 အထူးဆု Makro Gift Voucher (100,000 MMK) ကံစမ်းရရှိနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် Makro မှာ ဈေးဝယ်တိုင်း CB ဘဏ်ကတ် ဒါမှမဟုတ် CB Pay App နဲ့ ငွေပေးချေဖို့ မမေ့နဲ့နော်။ 🔵 "ပါဝင်နွှဲပျော် CB x Makro တန်ဆောင်တိုင် Lucky Draw ပွဲတော်" အကြောင်း အသေးစိတ်ဖတ်ရှုရန် - https://bit.ly/4AIRFWm ☎️ ပိုမိုသိရှိလိုပါက CB Bank Contact Center (09 2 5555 7777)

Открыть в Telegram
Просмотры547+43%к среднему
Пересылки—
Реакции1
Комментарии—