Кто упоминает ကာတွန်းကား

Кто упоминал или репостил

Последние упоминания

  1. 01
    ဇာတ်ကားအစုံဇာတ်ကားအစုံ@zzzmovie2,

    The Umbrella Fairy [2024] Review 📜 ရှေးဟောင်း အမှတ်တရပစ္စည်းခန်းမမှာစုဝေးနေတဲ့ ခေတ်အဆက်ဆက်က ပစ္စည်းတွေနဲ့အတူ အဲ့ပစ္စည်းတွေမှာ ရှိနေတဲ့ စိတ်ဝိညာဉ်လေးတွေရဲ့ အကြောင်းကို နောက်ခံပြု ဇာတ်လမ်းဆင်ထားတာပေါ့...ဒီခန်းမထဲကို နောက်ဆုံးရောက်လာတဲ့ စိတ်ဝိညာဉ်နှစ်ယောက်ကတော့ ကျောက်စိမ်းနက်တစ်တုံးတည်းကနေ ခွဲပြီး လုပ်ခဲ့တဲ့နောက်ဆုံးမင်းဆက်ဘုရင့်သမီးတော်ရဲ့ထီးတော်မိုးနဲ့ နောက်ဆုံးမင်းဆက်ရဲ့တိုက်ပွဲကျစစ်သူကြီးရဲ့ ကျောက်စိမ်းနက်ဓားပဲပေါ့...ထီးတော်မိုးရဲ့ စိတ်ဝိညာဉ်လေးက ပျော့ပျောင်းသလောက် ကျောက်စိမ်းနက်ဓားကတော့ သွေးစာနေတဲ့ ဓားတစ်ချောင်းပီပီ ခက်ထန်တယ်...ချင်တိုက်ဆိုတဲ့ ထီးတော်မိုး စိတ်ဝိညာဉ်က ခန်းမထဲက တခြားစိတ်ဝိညာဉ်တွေနဲ့ တည့်အောင်ပေါင်းဖို့ကြိုးစားပေမယ့်...ဝမ့်ကွေးဆိုတဲ့ ကျောက်စိမ်းနက်ဓား စိတ်ဝိညာဉ်ကတော့ သူဟာ ဒီမှာပိတ်လှောင်ခံရမှာမဟုတ်ဘူးဆိုတဲ့အတွေးနဲ့ ခန်းမက ထွက်ပြေးခဲ့တယ်...ချင်တိုက်လည်းဝမ့်ကွေးကို ပြန်ရှာဖို့ကြိုးစားတာပေါ့...ချင်တိုက်ရဲ့ ဝမ့်ကွေးရှာပုံတော်ခရီးမှာ အဓိက ကူညီသူကတော့ ခန်းမကအလုပ်သမားလေး ယွမ်မော့ပါပဲ...ယွမ်မော့က လူသားဆိုပေမယ့် ငယ်စဉ်တည်းက 😍ကြည့်ရန်နှိပ်ပါ👇 t.me/animemovie1005/2659 🎬 Main channel 🔗 t.me/addlist/43SAvNGGjGExNWVl

    Фотоупоминание
    Просмотры1,13 тыс.
    Пересылки4
    Реакции1
    Комментарии—
  2. 02
    သရဲကား@mmsubhorror1,

    Nie Xiaoqian [2026] Review 📜 “လူသားနဲ့သရဲတစ္ဆေကြားက ချစ်ခြင်းမေတ္တာဟာဖြစ်နိုင်ပါ့မလား” … ​Nie Xiaoqian ဆိုတဲ့ အမျိုးသမီးလေးဟာ အသက် ၁၈ နှစ်အရွယ်မှာ ဆုံးပါးသွားပြီး ဘုရားကျောင်းဟောင်းတစ်ခုမှာ သဂြိုဟ်ခံခဲ့ရပါတယ်။ ဒါပေမဲ့လည်း သူမသေဆုံးပြီးနောက်မှာတော့ သူမရဲ့ စိတ်ဝိညာဉ်ဟာ မကောင်းဆိုးဝါးတစ်ဦးရဲ့ အမိန့်အောက်မှာ လူသားတွေကို သတ်ဖြတ်ဖို့ လှည့်လည်ရတဲ့ အခြေအနေထဲကို ကျရောက်သွားခဲ့ပါတယ်။ နောက်ဇာတ်ကောင်တစ်ဦးအနေနဲ့ NingSheng ဆိုတဲ့ စာပေပညာရှင်လေးတစ်ယောက်ဟာ မြို့တော်ကိုသွားပြီး အစိုးရစာမေးပွဲဝင်ရောက်ဖြေဆိုဖို့ ခရီးဝေးထွက်လာခဲ့ပါတယ်။ ​NingSheng ဆိုတဲ့ အမျိုးသားလေးနဲ့ Nie Xiaoqian တို့တွေ့ဆုံချိန်မှာတော့ Nie Xiaoqian က မကောင်းဆိုးဝါးရဲ့ အမိန့်အတိုင်း NingSheng ကို လှည့်စားဖို့ ကြိုးစားပေမဲ့လည်း NingSheng ရဲ့ သန့်စင်တဲ့စိတ်ဓာတ်တွေ ကိုယ်ကျင့်တရားတွေကြောင့် မအောင်မြင်ခဲ့ပါဘူး။ Nie Xiaoqian ရဲ့ ထူးခြားချက်က သရဲတစ္ဆေဖြစ်ပေမဲ့ လူသားဆန်တဲ့စိတ်ကို မလွတ်မြောက်နိုင်သေးတာပဲ ဖြစ်ပါတယ်။ 😍ကြည့်ရန်နှိပ်ပါ👇 t.me/animemovie1005/2661 🎬 Main channel 🔗 t.me/addlist/43SAvNGGjGExNWVl

    Фотоупоминание
    Просмотры774
    Пересылки1
    Реакции—
    Комментарии—
  3. 03
    Private movie@threaterzone,

    Dragon Quest: Your Story [2019] Review 📜 မိခင်ဖြစ်သူကို ကယ်တင်ဖို့နဲ့ မိစ္ဆာဘုရင်ကို နှိမ်နင်းဖို့ ကြိုးစားမယ့် လူငယ်လေး ⚔️🐉✨ လူကာက မွေးဖွားခြင်းမှာ သူ့ရဲ့မိခင်ဟာ မိစ္ဆာရဲ့ ဖမ်းဆီးခြင်းကိုခံခဲ့ရပါတယ်။ သူဟာ ဖခင်ရဲ့ လက်ထဲမှာပဲ ကြီးပြင်းလာခဲ့ရပေမယ့်တစ်နေ့မှာတော့ ဖခင်ပါ အသတ်ခံရတဲ့အခါ သူ့မိခင်ကို ရှာဖွေရမယ့် တာဝန်ဟာသူ့ထံရောက်လာပါတော့တယ်။ဇာတ်လမ်းတစ်ခုလုံးဟာ စိတ်လှုပ်ရှားစရာတွေနဲ့ပြည့်နှက်နေခဲ့ပြီး အတော်လေးကိုကြည့်လိုကောင်းနေခဲ့ပါတယ်။ဒါပေမဲ့ အဲ့နောက်ကွယ်ကျန်နေသေးတာကတော့ အစမှာပြောခဲ့သလိုပဲ လူသားတွေဟာ VR World ထဲမှာသာယာနေခဲ့ပြီး . တကယ့်ပြင်ပကမ္ယာအစစ်ကိုမေ့လျော့နေမှုဟာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် မိန်းမောသွားတာကိုတွေ့ရမှာပါ။ အဲ့တော့ VR Game ကြိုက်နှစ်သက်သူတွေ ပိုပြီးကြည့်သင့်တာပေါ့ဗျာ . 😍ကြည့်ရန်နှိပ်ပါ👇 t.me/animemovie1005/2654 🎬 Main channel 🔗 t.me/addlist/43SAvNGGjGExNWVl

    Фотоупоминание
    Просмотры691
    Пересылки0
    Реакции0
    Комментарии—
  4. 04
    ကုလားကားများ@indiamovie4,

    Sahara [2017] Review 📜 ပူပြင်းခြောက်သွေ့တဲ့သဲကန္တာရထဲမှာ မြွေအုပ်စု ၂ ခုရှိပါတယ်.. လှပတဲ့မြွေစိမ်းတွေက အိုအေစစ်နား အရိပ်အာဝါသတစ်ခုကိုခိုလှုံရင်း လူသူအနှောင့်အယှက်ကင်းဝေးစွာ နေထိုင်ကြပါတယ်.. နောက်မြွေတစ်မျိုးဖြစ်တဲ့မြွေဟောက်တွေကတော့ ကန္တာရထဲမှာပဲ ကျင်လည်ကျက်စားပြီး ပြိုင်ဆိုင်မှုပြင်းထန်ကာ စားဝတ်နေရေးခက်ခဲကြမ်းတမ်းမှုတွေကြားမှာ ရုန်းကန်နေရတဲ့ မြွေတွေပါ … ကျိကျိတက်ချမ်းသားတဲ့ သူဌေးတွေနဲ့ လမ်းဘေးက ဒုစရိုက်နယ်မြေလိုပေါ့ဗျာ.. ဒီကာတွန်းကားကတော့ အဂျားလို့ခေါ်တဲ့ မြွေဟောက်ငယ်လေးရဲ့ အချစ်အတွက် စွန့်စားခန်းကိုရိုက်ထားတာပါ.. သူဟာ အရေခွံတောင်မလဲရသေးတဲ့ မနူးမနပ်မြွေဖြစ်တာကြောင့် အမြဲအနိုင်ကျင့်ခံနေရသူဖြစ်ပါတယ်.. တစ်နေ့မှာတော့ အစိမ်းရောင်တွေလူးပြီး မြွေစိမ်းအယောင်ဆောင်ကာ မြွေစိမ်းတွေနယ်မြေဆီမှာ နေထိုင်ဖို့ ထွက်လာခဲ့တယ်.. အဲဒီနယ်မြေက အပြင်လူဝင်တာနဲ့ အပြတ်ရှင်းမယ့်ကောင်တွေ စောင့်ကြပ်နေတယ်.. အဲလိုသွားရင်းနဲ့ အီဗာလို့ခေါ်တဲ့ မြွေစိမ်းမလေးနဲ့ဆုံပါလေရော.. အီဗာဆိုတာက အိုအေစစ်တဝိုက်မှာ အချမ်းသာ အကြွယ်ဝဆုံးနဲ့ အာဏာအရှိဆုံးမြွေသူဌေးကြီးရဲ့ သမီးတော်… သူက ချမ်းသာမှုနဲ့ လုံခြုံသက်သာမှုကို ရွံမုန်းပြီး အစဉ်အလာကိုဆန့်ကျင်ချင်သူ.. စီစဉ်ထားတဲ့လက်ထပ်ပွဲကိုရှောင်လွှဲချင်သူ.. ကန္တာရထဲမှာ ဘာတွေရှိလဲဆိုတာကို စူးစမ်းချင်သူ မြွေဂျစ်မလေး.. ဒီလိုနဲ့ အဂျားနဲ့အီဗာတွေ့ကြပါလေရောဗျာ..အီဗာတစ်ယောက် နယ်မြေထဲက ခိုးထွက်ရင်း ကန္တာရခရီးသွားအာရပ်တွေရဲ့ ဖမ်းဆီးခြင်းခံရတဲ့အခါမှာတော့ အဂျားတစ်ကောင်ဟာ သူ့သူငယ်ချင်း ပစ်ဆိုတဲ့ကင်းမြီးကောက်ကို အဖော်ပြုရင်း အချိန်မရွေးသေသွားနိုင်တဲ့ ဆာဟာရခရီးကြမ်းကြီးကို စတင်ခဲ့ပါတော့တယ်.. ကြောက်လန့်တုန်လှုပ်စရာခရီးတစ်ခုကို အချစ်ကြောင့် အသက်ပင်သေသေ စွန့်စားခဲ့တဲ့ အဂျားရဲ့ခရီးစဉ်ကြောင့် ဒီ 𝕊𝕒𝕙𝕒𝕣𝕒 ဆိုတဲ့ ကာတွန်းကားဖြစ်လာရတာပေါ့ဗျာ.. 😍ကြည့်ရန်နှိပ်ပါ👇 t.me/animemovie1005/2644 🎬 Main channel 🔗 t.me/addlist/43SAvNGGjGExNWVl

    Фотоупоминание
    Просмотры1,36 тыс.
    Пересылки2
    Реакции2
    Комментарии—
  5. 05
    သရဲကားသီးသန့်သရဲကားသီးသန့်@zatcarmovie,

    ဇွန်ဘီကားသစ်ကြီး [၂၀၂၆] ++++++++ ရက်စီဒန့် အီဗဲလ် ဂိမ်းကို လူကားပြန်ရိုက်ထားတဲ့ ဇာတ်ကားသစ်ကြီး ဇာတ်လမ်းအကျဉ်းကတော့ ဆေးဘက်ဆိုင်ရာ ပစ္စည်းတွေလိုက်ပို့ပေးရတဲ့ ကောငိလေးဟာ အမ်ဘရဲလား သုတေသနအဖွဲ့အစည်းကနေ ပစ္စည်းကို ရက်ကွန်း မြို့ ရဲ့ ရက်ကွန်းဂျန်နရယ် ဆေးရုံကို ပို့ပေးဖို့ဖြစ်လာပါတော့တယ်။ သူဟာ ထို လျှို့ဝှက်ထားတဲ့ ဆေးပစ္စည်းကိုပို့ပေးဖို့လုပ်နေရင်းနဲ့ ယာဉ်မတော်တဆမှုဖြစ်ကာ ဆေး ထဲက ဗိုင်းရက်စ်တွေကလဲ ပေါက်သွားပြီး အနီးနားရှိလူတွေကို ကူးစပ်ကာ ဇွန်ဘီ ဗိုင်းရက်စ် ထက်ဆိုးတဲ့ သန္ဓေပြောင်း အကောင်ကြီးတွေနဲ့ ရင်ဆိုင်ရပါတော့တယ်။ 😍ကြည့်ရန်နှိပ်ပါ👇 t.me/mmsubhorror1/1744 🎬 Main channel 🔗 t.me/addlist/43SAvNGGjGExNWVl

    Фоторепост
    Просмотры784
    Пересылки17
    Реакции3
    Комментарии—
  6. 06
    သရဲကား@mmsubhorror1,

    Koati [2021] Review 📜 Balam ဆိုတဲ့ဂျာဂွားအုပ်ချုပ်နေတဲ့ မိုးသစ်တောလေးထဲမှာ Nachi လေးက တစ်ကောင်တည်းသော coati ကောင်လေးပေါ့။ သူတို့နေတဲ့မိုးသစ်တောလေးမှာမထင်မှတ်ထားတဲ့ဘေးအန္တရာယ်ကျရောက်ခဲ့ပြီးတော့ Balmလည်းအသက်ဆုံးရှုံးခဲ့ရသလို အကုန်လုံးကလည်း ဒီတောထဲကနေရွှေ့ပြောင်းမလား တောထဲကဘေးကင်းတဲ့နေရာမှာပဲနေမလားဆိုတဲ့အခြေအနေမျိုးနဲ့ကြုံလာရပါတယ်။ နောက်ဆုံးမှာ Zaina ဆိုတဲ့မြွေမကြောင့် သူ့စကားတွေအောက်မှာကြွေကျပြီး အကုန်လုံးကပြောင်းရွှေ့ဖို့လုပ်ခဲ့ကြပေမယ့် Nachi ကတော့တောထဲမှာပဲနေဖို့ဆုံးဖြတ်ခဲ့ပါတယ်။ သူဒီလိုဆုံးဖြတ်ခဲ့တာကလည်း နောက်ကွယ်မှာအကြောင်းအရင်းတစ်ခုရှိနေလို့ဖြစ်ပြီးတော့ အဲ့ဒီအကြောင်းအရင်းကိုအဖြေရှာဖို့အတွက်လည်း Nachi တစ်ကောင် Pako ဆိုတဲ့ခရားရေလွှတ်စကားပြောတတ်တဲ့ဖားလေးရယ် အကြောက်အလန့်မရှိတဲ့ Xochi ဆိုတဲ့လိပ်ပြာမလေးရယ်နဲ့ သုံးကောင်သားစွန့်စားခန်းရှာပုံတော်ဖွင့်ခဲ့ပါတယ်။ သူတို့တွေရဲ့စွန့်စားခရီးလေးမှာ ဘယ်လိုအန္တရယ်တွေကစောင့်ကြိုနေပြီး ဘယ်လိုတွေဖြတ်ကျော်ကြမှာလဲ။ Nachi တစ်ကောင် တောထဲမှာကျန်နေခဲ့ဖို့ဆုံးဖြတ်ခဲ့ရတဲ့နောက်ကွယ်ကအကြောင်းအရင်းကဘာလဲ… စတာတွေကိုတော့ ကြည့်ရှုခံစားရမှာပါ။ 😍ကြည့်ရန်နှိပ်ပါ👇 t.me/animemovie1005/2598 🎬 Main channel 🔗 t.me/addlist/43SAvNGGjGExNWVl

    Фотоупоминание
    Просмотры940
    Пересылки3
    Реакции0
    Комментарии—
  7. 07
    သရဲကား@mmsubhorror1,

    Realm of Terracotta [2021] Review 📑 ဒီရုပ်ရှင်ရဲ့ အားသာချက်ကတော့ ရုပ်ပိုင်းဆိုင်ရာအနုပညာဖန်တီးမှုပါ။ ရှေးဟောင်းလောကကြီးကို ရှင်သန်ထင်ရှားစေတဲ့ အသေးစိတ်ကျတဲ့ မြင်ကွင်းတွေ၊ စိုပြေတောက်ပတဲ့ အရောင်တွေက ကြည့်ရှုသူတွေကို စွဲမက်စေပါတယ်။ ဇာတ်လမ်းကလည်း သမိုင်း၊ ဒဏ္ဍာရီနဲ့ စွန့်စားခန်းတွေကို ရောစပ်ထားပြီး အစအဆုံးထိ စိတ်ဝင်စားဖွယ်ဖြစ်အောင် ဖန်တီးထားပါတယ်။ တချို့ဇာတ်ကွက်တွေမှာ ကြိုတင်မှန်းလို့ရတာမျိုးရှိပေမယ့်၊ စိတ်ထိခိုက်စရာအခိုက်အတန့်တွေနဲ့ သင်ခန်းစာကောင်းတွေက ဒီအားနည်းချက်ကို ဖြည့်ပေးထားပါတယ်။ အကျဉ်းချုပ်အနေနဲ့ဆိုရင် "Realm of Terracotta" ဟာ ကလေးတွေရော လူကြီးတွေပါ ကြည့်ရှုဖို့ သင့်တော်တဲ့ ရုပ်ရှင်ကောင်းတစ်ကားဖြစ်ပြီး၊ ဖျော်ဖြေရေးနဲ့ ယဉ်ကျေးမှုတန်ဖိုးကို ပေါင်းစပ်ထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ မြန်မာဒါဘ်ဗားရှင်းက ဒီရုပ်ရှင်ကို ပိုမိုထူးခြားစေပြီး ကာတွန်းရုပ်ရှင်ကြိုက်တဲ့သူတိုင်း မဖြစ်မနေကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်ကြောင်း အကြံပြုလိုက်ရပါတယ်။ 😍ကြည့်ရန်နှိပ်ပါ👇 t.me/animemovie1005/2596 🎬 Main channel 🔗 t.me/addlist/43SAvNGGjGExNWVl

    Фотоупоминание
    Просмотры800
    Пересылки3
    Реакции1
    Комментарии—
  8. 08
    ɴɪᴄᴋᴇʟᴏᴅᴇᴏɴ ᴍᴏᴠɪᴇ ᴢᴏɴᴇɴɪᴄᴋᴇʟᴏᴅᴇᴏɴ ᴍᴏᴠɪᴇ ᴢᴏɴᴇ@sithuaung2005,

    My Little Bride [2004] Review 📃 ကိုရီးယား အချစ်ဇာတ်မြူးကားလေး တင်ဆက်ပေးလိုက်ပါတယ်။ အဓိက သရုပ်​ဆောင်တွေအဖြစ် Love story in Harvard, Doctors စတဲ့ ဇာတ်လမ်းတွဲများနဲ့ လူကြိုက်များနေဆဲ ဖြစ်တဲ့ မင်းသား Kim Rae Won နဲ့ အတူ အွန်စောအငယ်လေးလို့ မြန်မာတွေ အသိများတဲ့ မင်းသမီးလေး Moon Geun Young တို့ တွဲဖက် သရုပ်ဆောင် ထားပါတယ်။အထူးသဖြင့် ဒီဇာတ်ကားမှာ Moon Geun Young ရဲ့ တကယ့် ငယ်စဉ် ချစ်စဖွယ် ဟန်ပန်နဲ့ ပလီပလာ နွဲ့ဆိုး ဆိုးတဲ့ သရုပ်ဆောင်မှုလေးတွေဟာ ကြည့်နေတဲ့ သူတွေကို ပြုံးပျော်ကြည်နူးစေပါတယ်။ ဘယ်လို အချိန်မှာပဲ ကြည့်ကြည့် စိတ်ရွှင်မြူ းသွားစေမယ့် အချစ်ဟာသ ဇာတ်လမ်းလေး တခုဖြစ်တာမို့ ကြည့်ဖြစ်အောင် ကြည့်ပါလို့ တိုက်တွန်းချင်ပါတယ်။ 😍ကြည့်ရန်နှိပ်ပါ👇 t.me/animemovie1005/2515 🎬 Main channel 🔗 t.me/addlist/43SAvNGGjGExNWVl

    Фотоупоминание
    Просмотры2,29 тыс.
    Пересылки12
    Реакции6
    Комментарии—
  9. 09

    မျက်မမြင်ပါကစ္စတန်သူလေးနဲ့အိန္ဒီယစပိုင်စုံထောက်ဇာတ်ကားလေး ဆစ်ဒ်နဲ့ တောင်ပိုင်းမင်းသမီးရာရှ်မီကားတို့ရဲ့ မထွက်ခင်ကတည်းက နာမည်ကြီးနေတဲ့ 'Mission Majnu' ဆိုတဲ့ကားလေးကို တင်ဆက်ပေးလိုက်ပါတယ် ၁၉၇၀ ခုနှစ်အချိန်မှာ ဇာတ်အိမ်တည်ထားတာဖြစ်ပြီးတော့ ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ကားလေးလည်းဖြစ်ပါတယ် အာမန်ဒိဟာပါကစ္စတန်ရဲ့ နယူးကလီးယားလျှို့ဝှက်စမ်းသပ်နေတဲ့ကိစ္စကို စုံစမ်းဖို့အတွက်သူလျှိုအဖြစ် ဆောင်ရွက်နေတာဖြစ်ပါတယ် ပါကစ္စတန်မှာသူလျှိုအဖြစ်လှုပ်ရှားရင်း မျက်မမြင်ကောင်မလေး နာစရင်းနဲ့လည်း အိမ်ထောင်ကျနေခဲ့တာပေါ့ အာမန်ဒိဟာတစ်ဖက်မှာသူ့မိသားစုလေးကို တည်ထောင်ရင်း တစ်ဖက်မှာလည်းတိုင်းပြည်တာဝန်တွေကို မလစ်ဟင်းရအောင်လုပ်ဆောင်ပေးခဲ့ပါတယ် အာမန်ဒိတစ်ယောက် ဘယ်လိုအခက်အခဲတွေကို ကျော်လွှားသွားရမလဲ သူ့ရဲ့မိသားစုလေးကိုရော အန္တရာယ်ကင်းအောင်ထားနိုင်ပါ့မလားဆိုတာကိုတော့ စောင့်ကြည့်အားပေးကြပါဦးနော် ပါကစ္စတန်နိုင်ငံထဲကို ဝင်ရောက်အသက်စွန့်ပြီးတာဝန်ထမ်းဆောင်ခဲ့ကြတဲ့ အိန္ဒိယအေးဂျင့်တွေရဲ ့လေးစားစရာစိတ်ဓာတ်ကိုပေါ်လွင်အောင်ရိုက်ကူးပြထားတဲ့အပြင် အာမန်ဒိနဲ့ နာစရင်းရဲ့ အချစ်ဇာတ်လမ်းလေးကိုလည်းလွမ်းမောဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ် 😍ကြည့်ရန်နှိပ်ပါ👇 t.me/animemovie1005/2517 🎬 Main channel 🔗 t.me/addlist/43SAvNGGjGExNWVl

    Фотоупоминание
    Просмотры1,4 тыс.
    Пересылки0
    Реакции1
    Комментарии—
  10. 10

    မျက်မမြင်ပါကစ္စတန်သူလေးနဲ့အိန္ဒီယစပိုင်စုံထောက်ဇာတ်ကားလေး ဆစ်ဒ်နဲ့ တောင်ပိုင်းမင်းသမီးရာရှ်မီကားတို့ရဲ့ မထွက်ခင်ကတည်းက နာမည်ကြီးနေတဲ့ 'Mission Majnu' ဆိုတဲ့ကားလေးကို တင်ဆက်ပေးလိုက်ပါတယ် ၁၉၇၀ ခုနှစ်အချိန်မှာ ဇာတ်အိမ်တည်ထားတာဖြစ်ပြီးတော့ ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ကားလေးလည်းဖြစ်ပါတယ် အာမန်ဒိဟာပါကစ္စတန်ရဲ့ နယူးကလီးယားလျှို့ဝှက်စမ်းသပ်နေတဲ့ကိစ္စကို စုံစမ်းဖို့အတွက်သူလျှိုအဖြစ် ဆောင်ရွက်နေတာဖြစ်ပါတယ် ပါကစ္စတန်မှာသူလျှိုအဖြစ်လှုပ်ရှားရင်း မျက်မမြင်ကောင်မလေး နာစရင်းနဲ့လည်း အိမ်ထောင်ကျနေခဲ့တာပေါ့ အာမန်ဒိဟာတစ်ဖက်မှာသူ့မိသားစုလေးကို တည်ထောင်ရင်း တစ်ဖက်မှာလည်းတိုင်းပြည်တာဝန်တွေကို မလစ်ဟင်းရအောင်လုပ်ဆောင်ပေးခဲ့ပါတယ် အာမန်ဒိတစ်ယောက် ဘယ်လိုအခက်အခဲတွေကို ကျော်လွှားသွားရမလဲ သူ့ရဲ့မိသားစုလေးကိုရော အန္တရာယ်ကင်းအောင်ထားနိုင်ပါ့မလားဆိုတာကိုတော့ စောင့်ကြည့်အားပေးကြပါဦးနော် ပါကစ္စတန်နိုင်ငံထဲကို ဝင်ရောက်အသက်စွန့်ပြီးတာဝန်ထမ်းဆောင်ခဲ့ကြတဲ့ အိန္ဒိယအေးဂျင့်တွေရဲ ့လေးစားစရာစိတ်ဓာတ်ကိုပေါ်လွင်အောင်ရိုက်ကူးပြထားတဲ့အပြင် အာမန်ဒိနဲ့ နာစရင်းရဲ့ အချစ်ဇာတ်လမ်းလေးကိုလည်းလွမ်းမောဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ် 😍ကြည့်ရန်နှိပ်ပါ👇 t.me/animemovie1005/2517 🎬 Main channel 🔗 t.me/addlist/43SAvNGGjGExNWVl

    Фотоупоминание
    Просмотры250
    Пересылки0
    Реакции—
    Комментарии—
  11. 11

    လူ့ပြည်နဲ့ငရဲပြည်ပျက်စီးမယ့်အန္တရာယ်ကိုကယ်တင်မယ့် မာစတာနဲ့တပည့်မလေး 😳😳 ➪➪➪➪➪➪➪➪➪➪➪➪➪➪ ကျုံးခွေဆိုတာ အစပိုင်းမှာတော့လူပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပေမယ့် သူ့ရဲ့ဖြစ်တည်မှုကဒဏ္ဍာရီတစ်ခုဖြစ်လာပြီး မိစ္ဆာနှိမ်နင်းသူတစ်ယောက်ရဲ့ဂုဏ်ပုဒ်ဖြစ်လာပြီးတော့ ခေတ်အဆက်ဆက် မျိုးဆက်အဆက်ဆက် ဆရာကနေတပည့်ကိုလွဲအပ်ပေးလာခဲ့ပါတယ်။ တစ်နေ့မှာတော့ ကျုံးခွေကလူ့ပြည်မှာမိစ္ဆာနှိမ်နင်းရင်း လူ့ပြည်ကမိန်းမငယ်လေး ချူးကျိုကို မထင်မှတ်ပဲကယ်တင်မိသွားပါတယ်။ ဒဏ်ရာရထားတဲ့ချူးကျိုကို ကျုံးခွေကဆေးကုပေးဖို့ မြေအောက်လောကငရဲပြည်ကအိမ်တော်ကို ပြန်ခေါ်လာခဲ့ပါတယ်။ လိုနဲ့ချူးကျိုလေးက ထူးဆန်းတဲ့သူငယ်ချင်းလေးတွေရလာခဲ့ပါတယ်။ ဒီလိုနဲ့ ချူးကျိုလေးက နတ်ပြည်ရဲ့နာမည်ကြီးပုဂ္ဂိုလ် နတ်နားပိုင်ရှင် ထုန်းလင်အာ၊ သိမ်မွေ့တဲ့ မုံ့နျန်၊ ချစ်စရာကောင်းပြီးအူကြောင်ကြောင်နိုင်တဲ့ ငရဲပြည်အစောင့်အရှောက်တွေဖြစ်တဲ့ နျိုထိုနဲ့ မာမြန့်တို့နဲ့အတူ ပျော်စရာလဲကောင်း ထိတ်လန့်စရာလဲကောင်းတဲ့ ငရဲပြည်ခရီးစဉ်ကစတင်သွားပါတယ်။ ချူးကျိုလေးက ကျုံးခွေရဲ့လေးစားစရာကောင်းတဲ့ စိတ်နေစိတ်ထားအပြင် မိစ္ဆာတွေရဲ့ရန်ကနေလူသားတွေကိုကူညီချင်တာကြောင့် ကျုံးခွေဆီမှာတပည့်ခံဖို့ဆုံးဖြတ်လိုက်ပါတယ်။ ကျုံးခွေသူ့ကိုလက်ခံဖို့ အသေအလဲကြိုးစားပေမယ့် အစပိုင်းမှာတော့ ကျုံးခွေက လူသားတပည့်ကိုလုံးဝလက်မခံပါဘူး။ ဒါပေမယ့် ချူးကျိုနဲ့အတူမိစ္ဆာနှိမ်နင်းတဲ့အခါမှာ ချူးကျိုရဲ့စိတ်ရင်းနဲ့ ပါရမီကိုမြင်လိုက်ရတဲ့အတွက် တဖြည်းဖြည်းချင်းချူးကျိုကိုအသိအမှတ်ပြုလာခဲ့ပါတယ်။ တစ်ဖက်မှာလဲ သူတို့လိုက်နေတဲ့မိစ္ဆာရဲ့နောက်ကြောင်းဟာ အင်အားကြီးပြီး လျှို့ဝှက်ချက်တွေနဲ့ပြည့်နှက်နေပါတယ်။ လူ့ပြည်နဲ့ ငရဲပြည် လောက(၂)ခုလုံး ပျက်စီးဒုက္ခရောက်ရမယ့် အန္တရာယ်ကြီးတစ်ခု တိတ်တဆိတ်ရိုက်ခတ်လို့လာတဲ့အခါ ဆရာတပည့်နှစ်ယောက် ဒီလောက(၂)ခုလုံးကိုဘယ်လိုကယ်တင်သွားမလဲဆိုတာကို ရင်ခုန်စွာနဲ့ကြည့်ရှုရမှာဖြစ်ပါတယ် 😍ကြည့်ရန်နှိပ်ပါ👇 t.me/animemovie1005/2346 🎬 Main channel 🔗 t.me/addlist/43SAvNGGjGExNWVl

    Фотоупоминание
    Просмотры1,52 тыс.
    Пересылки3
    Реакции1
    Комментарии—

Кого упоминает канал