Кабинет

Посты канала AA Info Desk

сначала новые

#2712Фото

ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်မှ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ် နှင့် အောင်ဖြူပြင် ကျေးရွာတို့အား အကြမ်းဖက် ဗုံးကြဲတိုက်ခိုက်၊ အပြစ်မဲ့အရပ်သားပြည်သူ (၂) ဦးသေ (၁) ဦး ဒဏ်ရာရ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ (၂၄) ရက် ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ (၂၃) ရက်နေ့၊ ညနေ (၄) နာရီ (၁၅) မိနစ် အချိန်ခန့်တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်ကျေးရွာအား ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်မှ ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် လယ်တောထဲ စပါးရိတ်သိမ်းပြီး တလင်းနယ်နေသည့် အပြစ်မဲ့ အရပ်သားပြည်သူ အဖ ဦးမောင်စံသိန်း၏သား မောင်ထွန်းကျော်လှိုင် (၂၇ နှစ်) မှာ ဗုံးစထိမှန်ပြီး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။ ထို့အပြင် တလင်းနယ်နေသည့် နွား (၂) ကောင်နှင့် နောက်ထပ် နွားအငယ် (၁) ကောင် စုစုပေါင်း နွား (၃) ကောင် သေဆုံးသွားခဲ့ရသည်။ အလားတူ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ (၂၃) ရက်နေ့၊ ညနေ (၄) နာရီ (၂၉) မိနစ်အချိန်ခန့်တွင်လည်း ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်ဖြူပြင်ကျေးရွာအား ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်မှ ဂျက်တိုက်လေယာဉ် (၁) စီးဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ၎င်းရွာမှ အပြစ်မဲ့အရပ်သား ပြည်သူများဖြစ်ကြသည့် ဦးအောင်သိန်းချေ (၆၄ နှစ်) မှာ နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့ပြီး မောင်ခိုင်နေမျိုး (၂၂ နှစ်) မှာ ထိခိုက်ဒဏ်ရာများရရှိခဲ့သည်။ ထို့အပြင် ပြည်သူများ၏ နေအိမ် (၃) လုံးနှင့် ဆိုင်ကယ် (၂) စီး ပျက်စီးဆုံးရှုံးခဲ့ရသည်။ (ဓာတ်ပုံ - ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ (၂၃) ရက်နေ့တွင် ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်မှ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်နှင့် အောင်ဖြူပြင်ကျေးရွာတို့အား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် သေဆုံး ဒဏ်ရာရရှိခဲ့ကြသော အပြစ်မဲ့ အရပ်သားပြည်သူများနှင့် ပြည်သူများ၏ နွားများသေဆုံးမှု မှတ်တမ်း) သတင်းနှင့်ပြန်ကြားရေး အာရက္ခတပ်တော်

Открыть в Telegram
Просмотры4 120−33%к среднему
Пересылки—
Реакции200
Комментарии—
Динамика просмотровСкрыть динамику

Рост просмотров

Часов после публикации

Показать таблицей
Часов после публикацииПросмотры
0 ч0
2 ч1 040
4 ч1 410
9 ч4 120
  1. Через 1 час1 040
  2. Через 6 часов1 410
  3. Всего сейчас4 120
#2702Фото
Просмотры7 630+23%к среднему
Пересылки—
Реакции287
Комментарии—
Динамика просмотровСкрыть динамику

Рост просмотров

Часов после публикации

Показать таблицей
Часов после публикацииПросмотры
0 ч0
19 ч6 470
25 ч7 630
  1. Через 24 часа7 630
  2. Всего сейчас7 630
#2692Фото
Просмотры6 810+10%к среднему
Пересылки—
Реакции258
Комментарии—
Динамика просмотровСкрыть динамику

Рост просмотров

Часов после публикации

Показать таблицей
Часов после публикацииПросмотры
0 ч0
19 ч5 950
25 ч6 810
  1. Через 24 часа6 810
  2. Всего сейчас6 810