ရှယ်ကြမ်း ငါးမန်းကားသစ်ကြီး

Korea Series collection, @k_drama_serie

Open in Telegram
#8500Photo

ရှယ်ကြမ်း ငါးမန်းကားသစ်ကြီး A-b-o-v-e a-n-d B-e-l-o-w (2-0-2-6) ဇာတ်လမ်းကတော့ တက်တီယာနာတို့ သူငယ်ချင်းတစ်စု အပန်းဖြေခရီးထွက်ရာကနေ စပါတယ်။ ပျော်ပျော်ပါးပါး ပါတီပေး၊ ရေငုပ်ကြဖို့ စိတ်ကူးယဉ်ခဲ့ကြပေမဲ့ ကံဆိုးချင်တော့ တက်တီယာနာရဲ့ မောင်ဖြစ်သူက လောင်းကစားဝိုင်းမှာ မူးယစ်ရာဇာကြီး ဘန်းနဲ့ သွားငြိရာကနေ ပြဿနာစပါတော့တယ်။ ဒီလိုနဲ့ အကြွေးဆပ်ဖို့ အစား သူတို့သူငယ်ချင်းတစ်သိုက်ကို ပင်လယ်ထဲက ငါးမန်းကြည့်တဲ့ လှောင်ချိုင့်ထဲ ထည့်ပြီး ရေအောက်မှာကျနေတဲ့ မူးယစ်ဆေးထုပ်တွေ သွားဆယ်ခိုင်းပါတော့တယ်။ ပြဿနာက သူတို့ဆင်းရမယ့် ရေအောက်မှာက အချိုင့်အပြင်ဘက်မှာ အနံ့ရတာနဲ့ ကိုက်ဖြတ်ဖို့အသင့်ဖြစ်နေတဲ့ ငါးမန်းဖြူကြီးတွေ ဝိုင်းနေသလို၊ အပေါ်မှာကလည်း သူတို့ကို အချိန်မရွေး သတ်ပစ်ဖို့ အသင့်ဖြစ်နေတဲ့ လက်နက်ကိုင် လူမိုက်တွေက ဝိုင်းနေတဲ့အခါ... ရေအောက်မှာ အောက်ဆီဂျင်က တဖြည်းဖြည်း ကုန်လာ... ငါးမန်းတွေက တစ်ဖက်၊ အပေါ်တက်ရင်လည်း သေနတ်နဲ့ အပစ်ခံရမဲ့ အခြေအနေမှာ တက်တီယာနာတစ်ယောက် သူ့သူငယ်ချင်းတွေနဲ့မောင်ဖြစ်သူကို ကယ်တင်ပြီး ဒီရေအောက်ငရဲခန်းကနေ ဘယ်လို လွတ်မြောက်အောင် ကြိုးစားမလဲဆိုတာကိုတော့... 😍ကြည့်ရန်နှိပ်ပါ👇 t.me/dramaburma/3001 🎬 Main channel 🔗 t.me/addlist/43SAvNGGjGExNWVl

Open in Telegram
Views1,890+11%vs avg
Forwards6
Reactions1
Comments—

More from Korea Series collection

  1. 01

    Sumala (2024) IMDb Rating (5.8)   ဆီမာရန်နယ်အတွင်းက ရွာတစ်ရွာမှာအားလုံးကြောက်ကြတဲ့ နာမည်တစ်ခုရှိပါတယ်။ အဲ့ဒါကတော့ ဆူမာလာလို့ ခေါ်ပြီးညဘက်နေဝင်ပြီဆိုတာနဲ့ရွာသားတွေဟာအပြင်မထွက်ရဲကြတော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဆူမာလာဟာ ညဘက်အပြင်ထွက်တဲ့လူတွေ အထူးသဖြင့် ကလေးတွေကိုပစ်မှတ်ထားသတ်ဖြတ်လေ့ရှိလို့ပါပဲ။ အဲ့ဒီဇာတ်လမ်းဟာ အခုချိန်အထိအသက်ဝင်နေပြီး တကယ်ဖြစ်ရပ်မှန်လို့စွဲထင်နေကြဆဲဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ဆိုဂျီမန်ဟာ မြေရှင်ကြေးရတတ် ရွာမျက်နှာဖုံးသူဌေးတစ်ဦးဖြစ်ပြီး သူ့ဇနီးချောလေးနာမည်က ဆိုလတ်စ်ထရီလို့ခေါ်ပါတယ်။ သာယာသယောင်ရှိတဲ့သူတို့အိမ်ထောင်ရေးမှာလိုအပ်ချက်တစ်ခုကတော့ အမွေခံသားသမီးမွေးဖွားနိုင်ခြင်းမရှိတာပါပဲ။ အမျိုးတွေရဲ့ဖိအားတွေကြောင့် မလွန်ဆန်နိုင်တော့တဲ့ ဆိုဂျီမန်ဟာ ဒီနှစ်ကုန်လို့မှ ကလေးမွေးမပေးနိုင်ရင် နောက်မိန်းမထပ်ယူရလိမ့်မယ်လို့ ရာဇသံပစ်လိုက်တဲ့အချိန်မှာတော့ ဆိုလတ်စ်ထရီဟာ ကြံရာမရဖြစ်ပြီး အောက်လမ်းဆရာမတစ်ဦးအကူအညီနဲ့ ကလေးရဖို့ကြံစည်ပါတော့တယ်။ အောက်လမ်းအတတ်တို့ထုံးစံအတိုင်း ဘေးထွက်ဆိုးကျိုးရှိစမြဲဖြစ်တဲ့အတွက် အဲ့ဒီအစီအရင်ကနေ ထွက်ပေါ်လာတဲ့သန္ဓေဟာ သူတို့ကိုဘယ်လိုဒုက္ခပေးမလဲ? ဆူမာလာဆိုတာ ဘယ်လိုဖြစ်ပေါ်လာခဲ့ 😍ကြည့်ရန်နှိပ်ပါ👇 t.me/moviemart200/3290 🎬 Main channel 🔗 t.me/addlist/43SAvNGGjGExNWVl

    Photo
    Views4.62K
    Forwards15
    Reactions5
    Comments—
  2. 02

    My Little Bride [2004] Review 📃 ကိုရီးယား အချစ်ဇာတ်မြူးကားလေး တင်ဆက်ပေးလိုက်ပါတယ်။ အဓိက သရုပ်​ဆောင်တွေအဖြစ် Love story in Harvard, Doctors စတဲ့ ဇာတ်လမ်းတွဲများနဲ့ လူကြိုက်များနေဆဲ ဖြစ်တဲ့ မင်းသား Kim Rae Won နဲ့ အတူ အွန်စောအငယ်လေးလို့ မြန်မာတွေ အသိများတဲ့ မင်းသမီးလေး Moon Geun Young တို့ တွဲဖက် သရုပ်ဆောင် ထားပါတယ်။အထူးသဖြင့် ဒီဇာတ်ကားမှာ Moon Geun Young ရဲ့ တကယ့် ငယ်စဉ် ချစ်စဖွယ် ဟန်ပန်နဲ့ ပလီပလာ နွဲ့ဆိုး ဆိုးတဲ့ သရုပ်ဆောင်မှုလေးတွေဟာ ကြည့်နေတဲ့ သူတွေကို ပြုံးပျော်ကြည်နူးစေပါတယ်။ ဘယ်လို အချိန်မှာပဲ ကြည့်ကြည့် စိတ်ရွှင်မြူ းသွားစေမယ့် အချစ်ဟာသ ဇာတ်လမ်းလေး တခုဖြစ်တာမို့ ကြည့်ဖြစ်အောင် ကြည့်ပါလို့ တိုက်တွန်းချင်ပါတယ်။ 😍ကြည့်ရန်နှိပ်ပါ👇 t.me/zzzmovie2/2545 🎬 Main channel 🔗 t.me/addlist/43SAvNGGjGExNWVl

    Photo
    Views2.52K
    Forwards4
    Reactions—
    Comments—
  3. 03

    ကလေးတစ်ယောက်ကို‌အကြွေးနဲ့ အပါင်သဘောမျိုးသိမ်းထားရာမှ သံယောဇဉ်တွယ်သွားသောအခါ... Pawn [2020] Review 📃 တရုတ်ကနေတရားမဝင်အလုပ်လာလုပ်တဲ့မိသားစုမှာ ယောကျာ်းဖြစ်သူက ဖောက်ပြန်ပြီးကလေးနဲ့မိန်းမကို အကြွေးတွေနဲ့ပြစ်ထားခဲ့ပါတယ်  အဲ့အကြွေးရှင်ကလဲ ကလေးကိုအပေါင်သိမ်းပြီး ပိုက်ဆံရနိုးနိုးစောင့်ပေမယ့် မိခင်ဖြစ်သူက ရဲဖမ်းခံလိုက်ရပါတယ် အဲ့နောက်မှာတော့ ကလေး ကလူမိုက်တွေစီမှာသောင်တင်ခဲ့ပြီး လူမိုက်ကြီးနဲ့ကလေးလေးတို့ရဲ့သံယောဇဥ်ဖြစ်လာပြီး နောက်ပိုင်းဘယ်လိုတွေဖြစ်သွားမလဲဆိုဝာာ ဆက်တာကြည့်လိုက်ပါတော့ Rating ကလည်း 7.6/10 အထိတောင် ရထားတာဆိုတော့ မကောင်းမှာစိတ်ပူစရာမလိုတော့ဘူး။ ဒါပေမဲ့ တစ်ခြူးတော့ ဆောင်ထားပ 😍ကြည့်ရန်နှိပ်ပါ👇 t.me/threaterzone/1084 🎬 Main channel 🔗 t.me/addlist/43SAvNGGjGExNWVl

    Photo
    Views2.17K
    Forwards3
    Reactions—
    Comments—
  4. 04
    Views1.96K
    Forwards0
    Reactions1
    Comments—
  5. 05

    Strange Snack Shop Jeoncheondang [2026] Review 📑 "မုန့်လည်းစားရမယ်.. ဆန္ဒလည်း ပြည့်ဝနိုင်တဲ့ မုန့်ဆိုင်မျိုးသာ ရှိမယ်ဆိုရင် ပရိသတ်ကြီးတို့ တစ်နေ့ကို ဘယ်နှခါလောက် သွားဖြစ်နေမယ် ထင်ပါသလဲ" ပဥ္စလက်ဆန်ဆန် အတွင်းပိုင်း အပြင်အဆင်တွေ စားချင်စဖွယ် သရေစာမုန့်မျိုးစုံနဲ့အတူ စိတ်ကူးယဉ် မှော်အိပ်မက်ကမ္ဘာလေးထဲ ရောက်သွားသလို ခံစားချက်မျိုးကို ပေးစွမ်းမယ့် Fantasy , Mystery ရုံတင်ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ Main Cast တွေကတော့ မင်းသမီးကြီး Ra Mi-Ran နဲ့ Castaway Diva ထဲက မင်းသမီးလေး Lee Re တို့ ဖြစ်ကြပြီး ကလေးသရုပ်ဆောင်များစွာလည်း ပါဝင်အားဖြည့်ပေးထားကြတာမို့ ကလေးတော်တော်များများ အကြိုက်တွေကြမဲ့ ဇာတ်ကားလေးပါ။ (နာမည်ကြီး ဂျပန်ဝတ္ထုကို အခြေခံထားပြီး ဂျပန်အန်နီမေးရှင်းအနေနဲ့ရော ရုပ်ရှင်အနေနဲ့ပါ ထွက်ရှိဖူးတာမို့လို့ ကြည့်ဖူးတဲ့သူတွေကတော့ ရင်းနှီးနေကြမှာပါ။) 😍ကြည့်ရန်နှိပ်ပါ👇 t.me/moviemart200/3407 🎬 Main channel 🔗 t.me/addlist/43SAvNGGjGExNWVl

    Photo
    Views1.82K
    Forwards10
    Reactions2
    Comments—

All posts of Korea Series collection